ကမာရွတ် ဇွန် ၂၀
ရန်ကုန်အနောက်ပိုင်းခရိုင် ကမာရွတ်မြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ကမာရွတ်မြို့နယ်ရှိ အခြေခံပညာအထက်တန်း ကျောင်း အမှတ် (၂) ၌ ဇွန် ၂၀ ရက် နံနက်ပိုင်းက ကျင်းပသည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကမာရွတ်မြို့နယ်ရုံးမှ ဦးစီးမှူး ဒေါ်စိမ်းလဲ့က လူငယ်များအနေဖြင့် ပညာရေးကဏ္ဍအပြင် စာရိတ္တကောင်းမွန်ရေး၊ ပေါင်းသင်းဆက်ဆံရေးနှင့် ကျန်းမာရေးကောင်းမွန်စေရေး၊ ကြီးပွားရေးအမြင်ရှိစေရေးတို့အပြင် မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန် ထက်မြက်စေရေးတို့နှင့် စပ်လျဉ်း၍ လည်းကောင်း၊ မြို့နယ်အားကစားနှင့် လူငယ်ရေးရာဌာန မြို့နယ်အားကစားမှုး ဦးမျိုးမင်းသန်းက ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများဖြစ်လာစေရန်၊ အားကစားကဏ္ဍနှင့် သက်ဆိုင်သည့် အခြေခံအချက်(၄) ချက် တို့ကိုလည်းကောင်း၊ အနောက်ပိုင်းခရိုင်လက်တောက ပညာရေးမှူး ဦးတင့်ဝေက ကျောင်းသား၊ ကျောင်းသူများသည် နိုင်ငံတော်တာဝန်ကို ပခုံးပြောင်းထမ်းဆောင်ရမည့်လူကောင်း၊ လူတော်များဖြစ်စေလိုကြောင်းနှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်များ ထိန်းသိမ်းစောင့်ရှောက် နိုင်စေရန်တို့ကိုလည်းကောင်း ဟောပြောသည်။
ဆက်လက်၍ အားကစားနှင့် လူငယ်ရေးရာဌာနမှ မြန်မာ့ရိုးရာခြင်း လုံးအားကစားနည်းနှင့် Fistness Dance အားကစားနည်း သရုပ်ပြသပေးကြပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသပေးသောနံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲနှင့် သာအုပ်စာစောင်ပြပွဲအား ကြည့်ရှုခဲ့ကြပါသည်။
ယနေ့ပြုလုပ်သော အခမ်းအနားသို့ ကျောင်းသား၊ ကျောင်းသူ (၃၀၀) ဦးခန့် တက်ရောက်ကြောင်း သိရပါသည်။
စိမ်းလဲ့( ပြန် /ဆက်)