နယ်ရုံးများ၏သတင်းများ

Jun 19,2022
လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ အခြေခံရှေးဦးသူနာပြုစုခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု (Community Centre) ခန်းမ၌  ကျင်းပခဲ့သည်။
Jun 19,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ရှိ Community Centre တွင် ယမန်နေ့နေ့လယ် ၁ နာရီက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Jun 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက် ၁၁ နာရီ အချိန်က သစ်စိမ်းမြေသြဇာ ပိုက်ဆံလျှော် စိုက်ပျိုးနည်းအကြောင်းအသိပညာပေး Talk Show ဆွေးနွေးပွဲကို ပြင်စလူမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Jun 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ၏ စီမံကိန်းသီးနှံများ လျာထားဧကပြည့်မီကျော်လွန်ပြီး အထွက်နှုန်းကောင်းမွန်စွာ စိုက်ပျိုးထုတ်လုပ်နိုင်စေရန်နှင့် ကျန်းမာရေးဆိုင်ရာဆောင်ရန်၊ ရှောင်ရန်များအား သိရှိစေရန် ရည်ရွယ်၍ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀နာရီက ကုန်းတန်းကလေးကျေးရွာ၊ ‌ဗောဓိကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jun 19,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ် ဆောင်ရွက်ခဲ့သည်။
Jun 19,2022
မလှိုင်မြို့နယ်စာပေချစ်မြတ်နိုးသူ နိုင်ငံဝန်ထမ်းအငြိမ်းစား(Book Club)ယာယီအဖွဲ့ဝင်များနှင့် မြို့နယ် ပြန်/ဆက်ဦးစီးဌာနတို့ ပူးပေါင်း၍ “နံ့သာပန်းခင်း” စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဇွန်လ ၁၇ ရက်နေ့ နံနက်ပိုင်းက မြို့နယ် ပြန်/ဆက်ရုံး Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။