နမ့်ဆန် ဇူလိုင် ၁၄
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် (၁၁)နာရီအချိန်က မျောက်ကျောက်ရောဂါအကြောင်း အသိပညာပေး Talk Showဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းဆိုင်လီခမ်းက အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပရခြင်း အကြောင်းနှင့် ယနေ့ဖြစ်ပေါ်နေသော မျောက်ကျောက်ရောဂါအကြောင်း မိဘပြည်သူများ သိရှိစေရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်းနှင့်အဆိုပါရောဂါကို ၁၉၅၈ခုနှစ် သုတေသနလုပ်ရန် ခေါ်လာသောမျောက် များတွင်တွေ့ရှိခဲ့ခြင်းကြောင့် မျောက်ကျောက်ဟု အမည်ပေးခဲ့ခြင်း ဖြစ်ကြောင်း မျောက်ကျောက်ရောဂါ သတိပြုစရာလက္ခဏာများမှာ ဖျားပြီး (၁)ရက်မှ(၃)ရက် အတွင်း အရေပြားပေါ်မှာအဖုများစတင်ပေါ်ပေါက်လာခြင်း၊ အနီကွက်အဖုများ ခန္ဓာကိုယ်ပေါ် ထက် မျက်နှာနှင့် ခြေလက်များပေါ်တွင် ပိုပေါက်လာခြင်း၊ အဖုများတွင် အရည်ကြည်၊ ပြည်များပါဝင်နေခြင်း၊ အနာများက အရေအတွက်အနည်းငယ်ကနေ ထောင်ပေါင်းများစွာအထိ ပွားများ လာခြင်း၊ အနာများတစ်ခုနှင့် တစ်ခုပေါင်းစပ်ပြီး အရေပြားတွေကွာကျလာခြင်း၊ စသည့်ရောဂါ လက္ခဏာများ ဖြစ်ပေါ်လာနိုင်ပါသည်။ ဦးစီးအရာရှိ ဒေါ်နန်းထားထားလှိုင်မှ မျောက်ကျောက် ရောဂါလက္ခဏာသည် တိရစ္ဆာန်များမှတစ်ဆင့် ကူးစက်နိုင်ပြီး ရောဂါပိုးရှိသူနှာချေ၊ ချောင်း ဆိုးသောအမှုန်များမှ အသက်ရှုလမ်းကြောင်း ပါးစပ်၊ မနှာခေါင်း၊ မျက်လုံးများမှ ဝင်ရောက် လာနိုင်သည့်အတွက် ပစ္စည်းများကိုကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် သေချာစွာဆေးကြောခြင်းနှင့် ကြိုတင်ကာကွယ်ရန် ဆောင်ရန်ရှောင်ရန်များ စသည့်အကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ (Talk Show)ဆွေးနွေးပွဲများအား ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် (Online)မှတဆင့် စဉ်ဆက်မပြတ် ထုတ်လွှင့်ပြသပေးလျက်ရှိရာ သိရှိလိုသည်များအား We Love Namhsan Facebook Page တွင် ဝင်ရောက်ကြည့်ရှလေ့လာနိုင်ကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)