နမ့်ဆန်မြို့တွင် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များကိုဌာနဆိုင်ရာရုံးများ သွားရောက်ငှားရမ်းပေး

နမ့်ဆန် ဇူလိုင် ၁၄

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသနေပြည်သူများ အသိပညာဗဟုသုတရရှိစေရန်၊ စာအုပ်စာစောင်များကို ဖတ်ရှုသည့်အလေ့အကျင့်ရှိစေရန်နှင့် စာပေအကျိုးကျေးဇူးအကြောင်း သိရှိစေရန်ရည်ရွယ်၍ မိုဘိုင်းစနစ်ဖြင့်စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ  ယနေ့နံနက်   (၁၁)နာရီအချိန်တွင်   မြို့နယ်ပညာရေးမှူးရုံးနှင့်      မြို့နယ်စီမံကိန်းရုံးတို့တွင် သွားရောက်ငှားရမ်းပေးခဲ့သည်။

အဆိုပါ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းရာတွင် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့်  စာဖတ်ပရိသတ်များ အားလပ်ချိန်တွင်  ပြင်ပဗဟုသုတစာပေများကို ဖတ်ရှူတတ်သည့် အလေ့အကျင့်ရှိစေရန် စာပေကိုဖတ်ရှုတတ်သည့် အလေ့အကျင့်များ ရရှိစေရန်အတွက် စာအုပ်စာစောင်များကို ယူဆောင်ပြီးသွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များကို အပတ်စဉ် ငှားရမ်းဆောင်ရွက်ပေးပြီး သုတ/ရသ စာအုပ်များကို စာငှားသူတစ်ဦးလျှင် (၂)အုပ်နှုန်းဖြင့် (၇)ရက်ကြာအချိန်ပေး၍ စနစ်တကျ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)