ကော့ကရိတ် ဇူလိုင် ၁၄
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ကို ယမန်နေ့ညနေ ၃ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ခရိုင်ပြန်ဆက်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လေးနွယ်က Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ဦးစွာဆွေးနွေးသည်။
ထို့နောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးအေးသင်းက ကလေးအလုပ်သမား၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်၊ ကလေးအလုပ်သမားများနှင့်ကျောင်းပညာရေး၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်များ၊ ကလေးအလုပ်သမားပပျောက်ရေး၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်၊ ကလေးသူငယ်များနှင့် ပတ်သက်၍ ပါဝင်ဆောင်ရွက်မှုဆိုင်ရာအခွင့်အရေး၊ ကာကွယ်မှုဆိုင်ရာအခွင့်အရေး၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေးကို ကာကွယ်စောင့်ရှောက်စေရေး စသည့်ကလေးသူငယ်အခွင့်အရေးနှင့် သက်ဆိုင်သည့် အကြောင်းအရာတို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်း၊ ကော့သောင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ပြည်သူများ သိသင့်သည့်အကြောင်းအရာများကို သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ အသိပညာပေး Talk Show များ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)