ရမည်းသင်းခရိုင် လူထုဗဟိုပြုဌာန၌ (၇၅)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပ

ရမည်းသင်း  ဇူလိုင်  ၁၄

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၅)မြို့မအခြေခံပညာ အထက်တန်းကျောင်းတို့ပူးပေါင်း၍ ယနေ့နံနက်(၉)နာရီခွဲက (၇၅) နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ရမည်းသင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အသိပညာပေးဟောပြောပွဲတွင် ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဖုန်းနိုင်က အာဇာနည်ခေါင်းဆောင်းကြီးများကြိုးစားဆောင်ရွက်ခဲ့မှု သမိုင်းကြောင်းများနှင့် အာဇာနည်ခေါင်းဆောင်များကျဆုံးခဲ့မှုကို အသိပညာပေး ဟောပြောခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင်၊ အမှတ်(၅)မြို့မအခြေခံပညာ အထက်တန်းကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြပြီး (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့ကို တာဝန်ရှိသူများက ခင်းကျင်းပြသထားရာ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဇော်ဝင်းအောင်(ခရိုင် ပြန်/ဆက်)