ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲ ကျင်းပ

ဗဟန်း ဇူလိုင် ၁၄

ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့  မွန်းလွဲ ၃ နာရီ က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ဦးစီးမှူးက ကျောင်းသား၊ ကျောင်းသူများအား ကာယစွမ်းရည်အပြင် ဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခွန်အားရှိသော စာပေဖတ်ရှုခြင်း အလေ့အထများ ရရှိစေရန်၊ တီထွင်ကြံဆနိုင်ပြီး ဉာဏ်ရည်ထက်မြက်စေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ ပြိုင်ပွဲတွင် အ.လ.က(၃)မှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရသည်။

စန္ဒာမိုး