Jun 20,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ စာအုပ်စာပေဖတ်ရှုလေ့လာခြင်းဖြင့် ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊အမှား နှင့် အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်နှင့်စာဖတ်သည့်အလေ့အထများ ရရှိစေရန်ရည်ရွယ်၍ ယနေ့မွန်းလွဲ ၁ နာရီအချိန်ကမီးသတ်ဦးစီးဌာနသို့ Mobile Library စနစ်ဖြင့်စာအုပ်စာစောင်များ ငှားရမ်းမှုအားကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။