နမ့်စန်(တ) ဇူလိုင် ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာအုပ်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ဆောင်ရွက်ခဲ့ရာ အမှတ်(၃)ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာအောင်က မြန်မာနိုင်ငံ၏ အထိမ်းအမှတ်နေ့များ၊ အာဇာနည်နေ့၊ အာဇာနည် ခေါင်းဆောင် ကြီးများအကြောင်း၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံနှင့် မမေ့သင့်သည့် အာဇာနည်နေ့ စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး အာဇာနည်နေ့အထိမ်းအမှတ် စာအုပ်ပြပွဲဆောင်ရွက်ခဲ့သည်။
ထိုနောက် ဟောပြောပွဲတက်ရောက်လာကြသော ဆရာ/ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက ပြည်သူ့စာကြည့်တိုက်အတွင်းခင်းကျင်းပြသထားသော အာဇာနည်နေ့အကြောင်း သိကောင်းစရာများနှင့် အခြားအသိပညာပေး နံရံကပ်စာစောင်များ၊ ဒေသဆိုင်ရာ ပြတိုက်ငယ် (Mini Museum)ဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)