ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

အမရပူရ  ဇူလိုင်  ၂၇

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသခြင်းအခမ်းအနားကိုယမန်နေ့ညနေ(၃) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှက ကလေးအလုပ်သမားဟု ခေါ်ဆိုရခြင်းအခြေအနေများ၊ ကလေးများလုပ်သော အလုပ်နှင့်ကလေးသူငယ်အခွင့်အရေးများ စသည်တို့ကို ရှင်းလင်းပြောကြားပြီး အသိပညာပေးနံရံ ကပ်စာစောင်များကို ဆက်လက်ပြရာတွင် ကလေးအလုပ်သမားဆိုသည်မှာ၊ ကလေးသူငယ်အလုပ်သမားဖြစ်ရသော အကြောင်းအရင်းများ၊ ကလေးများအတွက်အန္တရာယ်ရှိပြီး ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရမည့်အလုပ်များ၊ လုပ်ငန်းရှင်များအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာမူများ စသည့်အကြောင်းအရင်းများကို ပြသထားရာတက်ရောက်လာသော ပြည်သူများမှစိတ်ဝင်စားစွာ ကြည့်ရှုကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)