လှိုင်းဘွဲ စက်တင်ဘာ ၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသားကျောင်းသူများအနေဖြင့် ကာ ယ၊ဉာဏ်ဏဗဟုသုတများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် စိတ်ကြိုက်ပန်းချီရေးဆွဲခြင်းနှင့် ခုံလုပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ ဆောင်ရွက်ခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ကျောင်းသူများအနေဖြင့် ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အသိပညာဗဟုသုတများ ပိုမိုရရှိလာစေရန်အတွက် ပြိုင်ပွဲများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက စိတ်ကြိုက်ပန်းချီ ရေးဆွဲခြင်း ပြိုင်ပွဲနှင့် ခုံလုပြိုင်ပွဲတို့ကို ကျောင်းသားကျောင်းသူများက ပျော်ရွှင်စွာပါဝင်ယှဉ်ပြိုင် ကစားခဲ့ကြကြောင်း သိရသည်။
စောဖိုးခွါး(ပြန်/ဆက်)