မန်တုံမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အမျိုးသမီးအသင်းနှင့် ဆွေးနွေးပွဲဆောင်ရွက်

မန်တုံ စက်တင်ဘာ

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (CommunityCentre)ခန်းမ၌ ယနေ့မွန်းလွဲပိုင်းအချိန်က တစ်ရက်တာ၏ ၂၄ နာရီ ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲပြုလုပ် ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင်မြို့နယ် ဦးစီးအရာရှိ ဒေါ်ယုယုအောင်က  ဆွေးနွေးပွဲများ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ဒေါ်မာဘောက် (အမျိုးသမီးအသင်းအဖွဲ့ဥက္ကဋ္ဌ)မှ အမျိုးသမီးများနှင့် အမျိုးသားများ၏ နေ့စဉ်ဆောင်ရွက်ရသောလုပ်ငန်းများ၊ အမျိုးသမီးများနှင့် အမျိုးသားများ၏ လုပ်ငန်းတာဝန်များကွာခြားမှုနှင့် ထိုလုပ်ငန်းတာဝန်များနှင့်ပတ်သက်၍ မိမိတို့စွဲကိုင်ထားသော ယုံကြည်ချက်များအပေါ် သိပြုမိစေရေးအချက်များ၊ အမျိုးသမီးများလုပ်ဆောင်သော လုပ်ငန်းများကို အသိအမှတ်ပြုတတ်လာစေရန် အချက်များ၊ လုပ်ငန်းများအား အမျိုးသမီးများသာမက အမျိုးသားများပါ အတူတကွ လုပ်ဆောင်နိုင်လာစေရန် အစရှိသည့်အကြောင်းအရာများအား ရှင်းလင်းဆွေးနွေးပေးခဲ့ရာ တက်ရောင်လာသော အဖွဲ့ဝင်များက မေးခွန်းများမေးမြန်၍ အပြန်အလှန် ဆွေးနွေးခဲ့ပါသည်။

မန်တုံ(ပြန်/ဆက်)