တာမွေ စက်တင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှု၀န်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာအသိပညာပေး Talk Show ကို ယမန်နေ့နံနက်(၁၀:၀၀)အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအသိပညာပေး Talk Show တွင် လူမှု၀န်ထမ်းဦးစီးဌာန၊ နားမကြားသော ကလေးများကျောင်း(ရန်ကုန်)မှ ကျောင်းအုပ်ဆရာမကြီးဒေါ်သွယ်သွယ်အောင်က မသန်စွမ်းဥပဒေနှင့်နည်းဥပဒေများအကြောင်း၊ မသန်စွမ်းအမျိုးအစားများအကြောင်းနှင့် လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းစဉ်များအကြောင်း၊ တာမွေမြို့နယ်နားမကြားသော ကလေးများကျောင်း(ရန်ကုန်)တွင် ကျောင်းသား/သူများအား ပညာရေးစောင့်ရှောက်မှုနှင့် ကျန်းမာရေး စောင့်ရှောက်မှုခြေအနေများနှင့် နားမကြားသော ကလေးများကျောင်းတွင်ပညာသင်ကြားလျက်ရှိသည့်ကျောင်းသား/သူများအား ရှေ့ဆက် ဆောင်ရွက်ပေးမည့် ကောင်းမွန်သည့် လုပ်ငန်းစဉ်များအကြောင်းကို အကျယ်တဝင့်အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရသည်။
တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူအကျိုးပြု အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း တာမွေမြို့နယ် လူမှု၀န်ထမ်းဦးစီးဌာန၊ နားမကြားသောကလေးများကျောင်း(ရန်ကုန်)နှင့် ပူးပေါင်း၍ မသန်စွမ်းသူများ၏ အခွင့်အရေး ဆိုင်ရာအသိပညာပေး Talk Show ကို ကျင်းပ ပြုလုပ်ခဲ့ကြောင်းသတင်းရရှိသည်။
မို့မို့အောင်(ပြန်/ဆက်)