ပြည်ကြီးတံခွန်မြို့နယ် အမှတ်(၂၅) အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့် ဌာနဆိုင်ရာရုံးများတွင်  ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

မန္တလေး စက်တင်ဘာ ၂၈

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ “ကလေးအလုပ်သမားပပျောက်ရေး” အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့မွန်းလွဲ (၁) နာရီက အမှတ်(၂၅) အခြေခံပညာအထက်တန်းကျာင်း(ခွဲ)နှင့် ဌာနဆိုင်ရာရုံးများတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။

လက်ကမ်းစာစောင်တွင် ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်(၃)ချက်၊ ကလေးအလုပ်သမားအဓိပ္ပါယ်၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်  ယခုအချိန်တွင် ကလေးများအား ကလေးအလုပ်သမားဖြစ်စေခြင်းမှ ပိုမိုကာကွယ်ကြပါစို့၊ ကလေးအလုပ်သမားပပျောက်ရေးအတွက် ပြည်သူများအားလုံး ဝိုင်းဝန်းကြိုးပမ်းကြပါစို့ စသည့် ပြည်သူများအား အသိပညာပေးခြင်းများစွာ ပါဝင်ကြောင်းသိရသည်။

ကျော်ကျော်အောင် (ခရိုင် ပြန်/ဆက်)