မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် စာပေခရီးသိကောင်းစရာဆွေးနွေးပွဲ (Talk Show) ကျင်းပ

မန္တလေး စက်တင်ဘာ ၂၈

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် စာရးဆရာမကြီး ဒေါ်နုနုကြည် (အမေ့အိမ်) ၏ စာပေခရီးအတွေ့အကြုံ အကြောင်းဆွေးနွေးပွဲ (Talk Show) ကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ စာပေခရီးသိကောင်းစရာဆွေးနွေးပွဲ (Talk Show) တွင် မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းနှင့် စာရေးဆရာမကြီး ဒေါ်နုနုကြည် (အမေ့အိမ်) တို့က ဦးဆောင်ဆွေးနွေးခဲ့ကြပြီး၊ ဆရာမကြီး ဒေါ်နုနုကြည် (အမေ့အိမ်) စာပေလောကထဲသို့ စတင်ဝင်ရောက်ခဲ့သည့် အတွေ့အကြုံများအကြောင်း၊ “ဒေါ်နုနုကြည်(အမေ့အိမ်)” ဟူသော ကလောင်အမည်ရွေးချယ်မှုအကြောင်း၊ ယခင်ထုတ်ဝေခဲ့သော စာအုပ်စာစောင်များအကြောင်း၊ လက်ရှိရေးသားနေသော ယူနက်စကို၏ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးတွင် စာရင်းဝင်ရောက်နိုင်ရေးအတွက် ပြုစုလျက်ရှိသော “အိမ်ရှေ့မင်းထန်းတော” ခေါင်းစဉ်ဖြင့် ရေးသားထားသောဆောင်းပါးတွင် ပါဝင်သည့်အကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ကျော်ကျော်အောင် (ပြန်/ဆက်)