စဉ့်ကိုင် စက်တင်ဘာ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် စာအုပ်စာစောင်ချစ်မြတ်နိုး သူများအသင်းတို့ ပူးပေါင်းပြီး လူထုအခြေပြုဗဟိုဌာနတွင် စာရေးဆရာတိုက်ကြည်(စဉ့်ကိုင်)ရေးသားသည့် သမိုင်းခရီးသွား စာအုပ်အား ယနေ့မွန်းလွဲ(၁) နာရီက စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်းသိရသည်။
စာဖတ်ဝိုင်းတွင် စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက စာဖတ်ဝိုင်းများကျင်းပပြုလုပ်ခြင်းအားဖြင့် လူငယ်လူရွယ်များ စာဖတ်ရှိန်များ ပိုမိုမြင့်တက်လာပြီး အသိပညာဗဟုသုတများကြွယ်ဝလာကာ ၊စာအုပ်စာပေဖတ်ရှုခြင်းဖြင့် အတွေးအခေါ် ရင့်သန်လာစေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍စာဖတ်ဝိုင်း များကျင်းပပြု လုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်းဉက္ကဋ္ဌ စာရေးဆရာရှေ့နေဦးဝင်းကြည်က စာရေး ဆရာတိုက်ကြည်(စဉ့်ကိုင်)၏ “သမိုင်းခရီးသွား”စာအုပ်ပါ ရေဆန်ပမာချစ်မေတ္တာခေါင်းစဉ်ဖြင့် နှစ်ပေါင်းထောင်ချီကြာမြင့်နေသည့်တိုင်မိဘနှင့်သားသမီးအကြားက မေတ္တာစီးဆင်းနေတဲ့ ပုံရိပ်များ၊ သစ္စာရှိမှုများကို အထင်းသားမြင်သာစေသော အဖြစ်အပျက်များကို ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ ဒေါ်နီနီ(Woman Club)အဖွဲ့ဝင်မှစာရေးဆရာ တိုက်ကြည်(စဉ့်ကိုင်)၏”သမိုင်း ခရီး သွား”စာအုပ်ပါအခန်းကဏ္ဍများထဲမှ သမိုင်းထဲကကိုယ့်တရားကိုယ်စီရင်သူ ခေါင်းစဉ်ဖြင့် အမှားတစ်ခုကို ပြုလုပ်ပြီးရင်တုန့်ပြန်ပြောဆိုလာတဲ့စကားတခွန်းက "ကျွန်တော်မျိုးမှားမိပါတယ်။ နီးရာဓါးကြောက်ရလို့ပါ" ဆိုတဲ့စကား မှန်သင့်သလောက်မှန်သော်လည်း လုပ်ငန်းအောင်မြင်မှုမရှိ ဆုံးရှုံးသွားတဲ့ အချိန်ကျမှ နီးရာဓါး ကြောက်ရလို့ပါဆိုတဲ့ ဆင်ခြေအပေါ် ဘယ်လိုတုန့်ပြန်မလဲ စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော စာဖတ်ပရိတ်သတ်များကလည်း စာအုပ်ပါ အကြောင်းအရာများထဲမှ သိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော့မူယာမောင်(ပြန်/ဆက်)