နယ်ရုံးများ၏သတင်းများ

Sep 12,2022
 ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင်  စာရေးဆရာမ "ခင်စောတင့်"ရေးသားသည့် "ဆုံးဖြတ်ဖို့ခက်ခဲနေမယ်ဆိုရင်" စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀) နာရီအချိန်က ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
Sep 12,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊သရက်ချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ ၌ ယနေ့မွန်းလွဲ၁၂နာရီခွဲအချိန်က မူးယစ်အန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကိုကျင်းပခဲ့ကြောင်း သိရသည်။
Sep 12,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်ကျင်းပသည့် လူငယ်နှင့်စာရိတ္တအသိပညာပေး (Talk Show) အစီအစဉ်ကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။
Sep 12,2022
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက ပုရွက်ဆိတ်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (သစ်လေးလုံး)နှင့် ကျီးအင်းကျေးရွာတို့သို့ သွားရောက်ငှားရမ်းပေးကြသည်။
Sep 12,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  (Community  Centre) ခန်းမတွင် မသန်စွမ်းသူများဆိုင်ရာအသိပညာပေးTalk Show ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၁ နာရီအချိန်ကပြုလုပ်ခဲ့သည်။
Sep 12,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသားလူငယ်၊လူရွယ်များ ပြင်ပစာပေ ဗဟုသုတရရှိစေရန်၊ စာဖတ်ရှိန်မြှင့်တင်နိုင်ရန် ရည်ရွယ်ပြီး ယနေ့နံနက် ၁၀ နာရီအချိန်က Mobile library စနစ်ဖြင့် ဥယျာဉ် အခြေခံပညာ မူလတန်းကျောင်းသို့ ကွင်းဆင်းသွားရောက်၍ စာအုပ်များ(အခမဲ့) ငှားရမ်းပေးခြင်းကို ဆောင်ရွက်ကြသည်။
Sep 12,2022
ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် ငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့တွင် မြို့နယ်ရုံးဝန်ထမ်းများက ခေတ်ရှေ့ဆောင် ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် မြို့မဘုန်တော်ကြီးကျောင်းများသို့ သွားရောက် ငှားရမ်းပေးကြသည်။
Sep 12,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ လူကုန်ကူးမှုအန္တရာယ်နှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် ဗဟုသုတရရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရှမ်းရွာသစ်နယ်မြေရဲစခန်းတို့ပူးပေါင်း၍ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။