မလှိုင်မြို့နယ် Community Centre ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်

မလှိုင် စက်တင်ဘာ ၃ဝ

မလှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ နံ့သာပန်းခင်း  စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြန်/ဆက်ရုံး Community Centre ခန်းမ တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးအရာရှိ ဦးဇော်မင်းက မိတ်ဆက်စကား ပြောကြားသည်။ ထို့နောက် Book Club အဖွဲ့ဝင်များဖြစ်ကြသော ဦးမင်းနိုင်၊  ဦးမြတ်စိုး၊   ဦးစိုးမြင့်( စိုးမြင့်ထွန်း-မလှိုင် )နှင့် ဦးသန်းထိုက်ဦးတို့က  စာရေးဆရာ မျိုးသာထက် ရေးသားသော အဖေရယ်၊ အမေရယ်၊ ကျွန်တော်ရယ် စာအုပ်ပါ အကြောင်းအရာများကို အမြင်အမျိုးမျိုးဖြင့်တင်ပြ ဆွေးနွေးခဲ့ကြသည်။ အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ Book Club အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များ မြို့နယ်ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

 အောင်ဌေး(မလှိုင်)