နမ့်ခမ်းမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ သဘာဝဘေးအန္တရာယ်နှင့် သွေးလွန်တုပ်ကွေးရောဂါ အသိပညာပေး ဟောပြောပွဲကျင်းပ

နမ့်ခမ်း စက်တင်ဘာ  ၂၉

မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် ကျောင်းသား၊ ကျောင်းသူများမှ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်တွင် သဘာဝဘေးအန္တရာယ်နှင့် သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ယခုကာလတွင် ကလေး၊ လူငယ်၊ လူကြီးများ သွေးလွန်တုပ်ကွေး ဖျားနာရောဂါ ပိုမိုဖြစ်ပွားသည့်အတွက် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိစေရန် သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်သည့် အ ကြောင်းအရာများနှင့် ရာသီအကူးအပြောင်းကာလတွင် ရေးကြီးခြင်း၊ မြေပြိုခြင်း၊ မိုးခေါင်ရေရှား၊ ငလျှင်၊ မီးဘေးနှင့် ပူပြင်း ရာသီ စသည့် သဘာဝဘေးအန္တရာယ်အကြောင်းအရာများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုင်းညီမောင်ဘဦးက ရှင်းလင်းဟောပြောသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ခင်းကျင်းပြသသည့် စာ အုပ်စာစောင်များ လေ့လာဖတ်ရှုခြင်း၊  မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ၊ သဘာဝဘေးအန္တရာယ် ကြို တင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များနှင့် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးစာစောင်နှင့် ဓာတ်ပုံများကို ကျောင်းသား/ကျောင်းသူများက လေ့လာဖတ်ရှုကြကြောင်း သိရသည်။

ဘဦး(နမ့်ခမ်း)