နယ်ရုံးများ၏သတင်းများ

Oct 15,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ကျောင်းသူများအား အသိပညာဗဟုရရှိစေရန်နှင့် အသက်မွေးဝမ်းကြောင်း အထောက်အကူပြုစေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီအချိန်က ဆပ်ပြာဆီပြုလုပ်နည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။
Oct 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community  Centre)ခန်းမ၌ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ် Talk Show ကို ယနေ့နံနက် (၁၀)နာရီကကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 14,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လုံမြို့ရုံး၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲအား နေ့လည်(၁)နာရီ အချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 14,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ပြန်ကြာရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများ စာဖတ်ခြင်းအလေ့ အထကောင်းများ ရရှိစေရန်နှင့် စာဖတ်ပရိသတ်များ စာပေဖတ်ရှုမှုအဆင်ပြေစေရန် Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို  ယနေ့နေ့လယ် ၁၂ နာရီ အချိန်က နယ်လှည့်စာကြည့်တိုက်ကို လိပ်သိုမြို့ အမှတ်(၃) ရပ်ကွက်သို့ သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Oct 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ခရိုင်)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့စားနပ်ရိက္ခာနေ့(World food day)အထိမ်းအမှတ် (Talk Show)ကို ယနေ့နံနက်(၁၁:၀၀)အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community centre )ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်(Book Club)အသင်းတို့ပူးပေါင်း၍ လူငယ်နှင့်စာပေ အသိပညာပေး Talk Show ကျင်းပသည်။
Oct 14,2022
ဒေါက်တာခင်စန်းမော်၏"ပညာရှင်စိတ်ထား"  စာအုပ် စာဖတ်ဝိုင်းကို  ယနေ့နေ့လယ် ၁ နာရီအချိန်က ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြား ရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမ တွင်ကျင်းပပြုလုပ်ခဲ့သည်။
Oct 14,2022
သတင်းရေးသားပေးပို့ရာတွင် အရည်အချင်းပြည့်ဝသည့် သတင်းထောက်များ ပေါ်ထွန်းလာစေရန်နှင့် အရည်အသွေးပြည့်မီသည့် သတင်းများ ရေးသားပေးပို့နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် သတင်းရေးသားပေးပို့နည်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။