အုတ်တွင်း အောက်တိုဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ကျောင်းသူများအား အသိပညာဗဟုရရှိစေရန်နှင့် အသက်မွေးဝမ်းကြောင်း အထောက်အကူပြုစေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီအချိန်က ဆပ်ပြာဆီပြုလုပ်နည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီး အရာရှိဒေါ် ခင်မူမူဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းပြုလုပ်ရခြင်းကြောင့် မိသားစုစားဝတ်နေရေးအတွက် တစ်ပိုင်တစ်နိုင် ပြုလုပ်ရောင်းချနိုင်စေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ခြင်းနှင့် လက်တွေ့ သရုပ်ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သင်တန်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ Woman Clubအဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ လေ့လာသူများ၂၀ ဦး တက်ရောက် ခဲ့ပြီးဆပ်ပြာဆီဘူးများ လက်ဆောင်အဖြစ် ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)