ချမ်းမြသာစည် အောက်တိုဘာ ၁၄
ဒေါက်တာခင်စန်းမော်၏"ပညာရှင်စိတ်ထား" စာအုပ် စာဖတ်ဝိုင်းကို ယနေ့နေ့လယ် ၁ နာရီအချိန်က ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြား ရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမ တွင်ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ချမ်းမြသာစည်မြို့နယ်၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းက စာအုပ်စာပေများကို ဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတများ ရရှိစေရန်၊ စာဖတ်သည့် အလေ့အကျင့် ကောင်းများဖြစ် ပေါ်လာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စာအုပ်တွင်ပါဝင်သည့် "ဘ၀ လှေကားထစ်များ" ခေါင်းစဉ်ကို မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌက ဦးဆောင်ဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး ဦးသန်းစိုးအောင်က" စဉ်ဆက်မပြတ် လေ့လာသင်ယူခြင်း " ခေါင်းစဉ်ကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်မြင့်ကေသွယ်ခိုင်နှင့် စာကြည့်တိုက်လက်ထောက် (၃) ဒေါ်ခိုင်ခင်ဦးက"ရရှိလာမည့်အကျိုးကျေးဇူးများ "ခေါင်းစဉ်နှင့်" ကျန်းမာမှချမ်းသာ"ခေါင်းစဉ်များကိုလည်းကောင်း အသီးသီးဖတ်မှတ် ဆွေးနွေးခဲ့ကြသည်။
ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေချစ်မြတ်နိုးသူများနှင့် ပူးပေါင်း၍ အများပြည်သူများ ဖတ်ရှုလေ့လာသင့်သည့် သုတ/ရသစာအုပ်ကောင်းများကို ရွေးချယ်ကာ စာဖတ်ဝိုင်း၊စာပေဆွေးနွေးပွဲများကို ကျင်းပဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ စာဖတ်ဝိုင်းသို့ မြို့နယ်စာရေးဆရာအသင်း၊Book Club အဖွဲ့၀င်များ၊ စာပေဝါသနာ ရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခင်စိမ်း၀င်း