နယ်ရုံးများ၏သတင်းများ

Oct 13,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဒေသခံပြည်သူများ စာအုပ်စာပေများကို အလွယ်တကူ ဖတ်ရှု့နိုင်စေရန်နှင့် စာပေဗဟုသုတ ကြွယ်ဝစေရေးအတွက် နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာငှားဝန်ဆောင်မှုပေးခြင်းကို ယနေ့ နံနက်ပိုင်းက စျေးပိုင်းရပ်ကွက်အတွင်းသို့ စာအုပ်စာစောင်များ ကွင်းဆင်း၍ ငှားရမ်းပေးခဲ့သည်။
Oct 13,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ယနေ့နံနက် ၁၀ နာရီက မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အသိပညာပေး(Talk Show)ဆွေးနွေးပွဲ ကျင်းပခဲ့သည်။
Oct 13,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၁၅၁) ခြေလျင်တပ်ရင်း မိသားစုဝင်များနှင့် ပူးပေါင်းပြီး ကျောင်းသား/ကျောင်းသူ လူငယ်များအတွက် ယနေ့နံနက်(၉)နာရီ အချိန်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 13,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းက စာရေးဆရာမဒေါက်တာခင်စန်းမော် ရေးသားသည့် ပညာရှင်စိတ်ထား စာအုပ်ဖြင့်စာဖတ်ဝိုင်းပြုလုပ်ကျင်းပခဲ့သည်။
Oct 13,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ပူပေါင်း၍ သဘာဝဘေးနှင့် ပတ်သက်ပြီးအသိပညာ Talk Show ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့သည်။
Oct 13,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကလေးများစာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယ‌နေ့နံနက်(၉)နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆောင်ရွက်ခဲ့သည်။
Oct 13,2022
ပြည်သူ့စာကြည့်တိုက်ရှိ စာအုပ်စာစောင်များ လာရောက်ဖတ်ရှု့ငှားရမ်းရန် အခက်အခဲရှိသည့် စာဖတ်ဝါသနာရှင်များ၊ ဌာနဆိုင်ရာများနှင့် ကျောင်းသား/ ကျောင်းသူများအား စာအုပ်စာစောင် ဖတ်ရှုလေ့လာမှု ပိုမိုအဆင်ပြေစေရန်အတွက် ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ရွာငံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များကို စာဖတ်ဝါသနာရှင်များထံ သွား​ရောက်ငှားရမ်းပေးလျက်ရှိသည်။
Oct 13,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ်အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှရသော အသိအမြင်ဗဟုသုတများကို အသုံးချ၍ တန်ဖိုးရှိသောလူငယ်များ ဖြစ်လာစေရန်ရည်ရွယ်၍ ယမန်နေ့က လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့ သည်။