မှော်ဘီ အောက်တိုဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်(Book Club)အသင်းတို့ပူးပေါင်း၍ လူငယ်နှင့်စာပေ အသိပညာပေး Talk Show ကျင်းပသည်။
ရှေးဦးစွာ မှော်ဘီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးသိန်းက လူငယ်နှင့်စာပေ အသိပညာပေး Talk Show ပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် အွန်လိုင်းမှတစ်ဆင့်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ မြို့နယ်(Book Club)အသင်းမှ အတွင်းရေးမှူး စာရေးဆရာဝင်းနွယ်(ပုသိမ်)က လူငယ်ဆိုတဲ့ သဘာဝလူငယ်ဆိုတာစူးစမ်းကြတယ် စူးစမ်းဖို့အတွက် ဖုန်းဆိုတဲ့ ဖွံ့ဖြိုးမှု မြန်မာနိုင်ငံကို အလျင်အမြန်ရောက်ရှိလာကြောင်း၊ ဖုန်းကြည့်ရင်းနဲ့စာဖတ်တဲ့ အလေ့အကျင့် လေ့ကျင့်ခိုင်းရမယ်၊ စာဖတ်တဲ့အခါ အသက်အရွယ်နဲ့ လိုက်၍ ပုံပြင်၊ ဘာသာရေး၊ အတက်ပညာနဲ့ သင့်လျော်လား မိဘကိုယ်၌က ထိန်းသိမ်းသင့်ကြောင်း၊ သတင်းစာ ကိုဖတ်သင့်ကြောင်း၊ စာပေဆွေးနွေးဝိုင်းတွေ၊ စကားဝိုင်းလေးတွေကို သွားသင့်ကြောင်း အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ကောင်းမြတ်သူ (မှော်ဘီ)