ချမ်းအေးသာစံ အောက်တိုဘာ ၁၄
သတင်းရေးသားပေးပို့ရာတွင် အရည်အချင်းပြည့်ဝသည့် သတင်းထောက်များ ပေါ်ထွန်းလာစေရန်နှင့် အရည်အသွေးပြည့်မီသည့် သတင်းများ ရေးသားပေးပို့နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် သတင်းရေးသားပေးပို့နည်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက အဖွင့်အမှာစကားပြောကြားပြီး ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ နည်းပြ ဦးထွန်းထွန်းနိုင်က သင်တန်းကာလတစ်လျှောက် သင်ကြား/သင်ယူမှုများနှင့် ပတ်သက်၍ သုံးသပ်ပြောကြားသည်။
အဆိုပါသင်တန်းကို အောက်တိုဘာလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ပြီး မန္တလေးခရိုင်အတွင်းရှိ ဦးစီးအရာရှိများ၊ ဓာတ်ပုံကျွမ်းကျင်-၂ ရာထူးဝန်ထမ်းများနှင့် အခြားအဆင့်ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း၊ အခြေခံသတင်းရေးသားနည်း၊ အခြေခံသတင်းဓာတ်ပုံရိုက်နည်း၊ သတင်းပေးပို့နည်း စသည့် ဘာသာရပ်များ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
ထိပ်ထားနိုင်