နယ်ရုံးများ၏သတင်းများ

Sep 17,2022
ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အိမ်ပြင်ထွက် သွားလာကြသည့် ပြည်သူများအား mask နှာခေါင်းစည်းတပ်ဆင်၍ သွားလာကြစေရေး mask နှာခေါင်းစည်းများကို အခမဲ့ ဖြန့်ဝေပေးလျက်ရှိရာ ယမန်နေ့ နံနက် ၈ နာရီချိန်က အမှတ် ၃ ရပ်ကွက် မီးသတ်ဦးစီးဌာနရုံးရှေ့ လမ်းမကြီးတွင် အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Sep 17,2022
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး(Talk Show) ဆွေးနွေးပွဲကို ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပသည်။
Sep 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် (၅၈)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အိမ်မဲမြို့နယ်ရဲတပ်ဖွဲ့မှ မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသွေးလှူဒါန်းခဲ့ ကြသည်။
Sep 17,2022
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယမန့်နေ့မွန်းလွဲ (၂)နာရီက ကျိုက်ထိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
Sep 17,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှု၀န်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာအသိပညာပေး Talk Show ကို ယမန်နေ့နံနက်(၁၀:၀၀)အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Sep 17,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌  ယနေ့နံနက် ၁၀ နာရီက ရေးသူ/ဖတ်သူ စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
Sep 17,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးမြို့တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းမှ နိုင်ငံ့ဝန်ထမ်းအသက်အာမခံလုပ်ငန်းဆိုင်ရာ သိမှတ်ဖွယ်ရာဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ကလေးခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့သည်။