ကျိုက်ဒုံမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များပြသ

ကျိုက်ဒုံ အောက်တိုဘာ ၁၉

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ၌ ယနေ့နံနက် ၁၀ နာရီက စာကြည့်တိုက်သို့လာသည့် ကလေးများအားအထွေထွေ ဗဟုသုတများရရှိစေရေးအတွက် ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များ ပြသဆောင်ရွက်ခဲ့သည်။

အဆိုပါ ကလေးအလုပ်သမားပပျောက်ရေး သိမှတ်ဖွယ်ရာများတွင် အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ပါဝင်ပတ်သက်သူများ၏တုံ့ပြန်ချက်၊ ကလေးအလုပ်သမားဟူသည်အဘယ်နည်း၊ ကလေးသူငယ် အလုပ်သမားသည်တရားမဝင်ပါ၊ အပြည်ပြည်ဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ ဘေးအန္တရာယ်ကျရောက်နေသော ကလေးအလုပ်သမားတို့၏ အကြောင်းအရာများနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေများစသည့် အသိ ပညာပေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းနိုင်(ကျိုက်ဒုံ)ပြန်/ဆက်၏