နမ့်စန်(တ) အောက်တိုဘာ ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် အသိပညာပေးခြင်း အစီအစဉ်များ၊ ဖျော်ဖြေရေးအစီအစဉ်များနှင့် ကျန်းမာရေးလှုပ်ရှားမှု အစီအစဉ်များကို Online မှတဆင့် ပြည်သူများထံ အသိပညာပေး ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၁ နာရီက လူငယ်နှင့်စာရိတ္တ ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show အစီအစဉ်ကို မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre )တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစီအစဉ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်နှင့် ဒုတိယဦးစီးမှူး ဒေါ်မေပြုံးပွင့်အောင်တို့က လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့် ရည်မှန်းချက် စသည်တို့နှင့် လူငယ်ရေးရာအသိပညာပေး အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ကြသည်။
အဆိုပါ Talk Show အစီအစဉ်ကို နမ့်စန်မြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page နှင့် We Love Namsang Facebook Page တို့တွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်ထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)