ကာလိမြို့ အ.မ.က (လွိုင်ချို) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးကွင်းဆင်းဆောင်ရွက်

ကာလိ နိုဝင်ဘာ ၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ကာလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများအား ယနေ့နံနက်(၉) နာရီက အခြေခံပညာမူလတန်းကျောင်း၊ လွိုင်ချိုကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယင်းတို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်ရရှိစေရန်၊ အသိပညာ ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ Mobile Library စနစ်ဖြင့် နယ်လှည့်စာကြည့်တိုက် ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆောင်ရွက်မှုတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ထင်ထင်ကျော် က ကျောင်းသား/ ကျောင်းသူများအား စာဖတ်ခြင်းမှရရှိသည့် အကျိုးကျေးဇူးများ၊ အသိပညာဗဟုသုတဆိုင်ရာ အကြောင်းအရာများကို ဟောပြောပေးပြီး စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ငုဝါ မှ ကျောင်းသား/ ကျောင်းသူများကို ပုံပြင်စာအုပ်များ ဖတ်ပြပေးခဲ့သည်။ ထို့နောက် ကျောင်းသား /ကျောင်းသူများကို သုတ၊ ရသစာအုပ်များဖတ်ရှု့စေပြီး မိမိတို့ကြိုက်နှစ်သက်သည့် စာအုပ်များကို အခမဲ့ငှားရမ်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထင်ထင်(ကာလိ၊ပြန်/ဆက်)