ပုသိမ်ကြီးမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်တွင်" ကင်ဆာရောဂါဆိုင်ရာ သိကောင်းစရာ" ခေါင်းစဥ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ပုသိမ်ကြီး  နို၀င်ဘာ  ၉

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊  ပြည်သူ့စာကြည့်တိုက်တွင် ယမန်နေ့နံနက် ၁၀ နာရီက ဒို့ကျေးရွာဂျာနယ်မှ" ကင်ဆာရောဂါဆိုင်ရာ သိကောင်းစရာ" ခေါင်းစဥ်ဖြင့် စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဦးစီးအရာရှိက တက်ရောက်လာသည့် စာပေချစ်မြတ်သူနိုးသူများအား စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဒို့ကျေးရွာဂျာနယ်ပါ ကင်ဆာရောဂါလက္ခဏာများကို ဆွေး နွေးခဲ့ပြီး တက်ရောက်လာသူများမှ ကင်ဆာရောဂါနှင့် အစားအသောက်များ၊ကင်ဆာရောဂါနှင့် ကိုယ်လက်လှုပ်ရှား နေထိုင်မှုပုံစံများ၊ဆေးလိပ်နှင့်ကင်ဆာ အစရှိသည့်ခေါင်းစဥ်များဖြင့်စောစီးစွာ ဆေးကုသမှုခံယူနိုင်ရေး၊ နားလည်တတ်ကျွမ်းသူများနှင့်ပြသကာ ပြန်လှန်ဆွေးနွေးခြင်းများဆောင်ရွက်၍ ကင်ဆာရောဂါဝေဒနာရှင်များအနေဖြင့်  ထိရောက်စွာကုသရေး၊ ကြိုတင်စစ်ဆေခြင်းများဖြင့် ကာ ကွယ်ရေးနှင့် ကျန်းမာရေးကောင်မွန်ခြင်း၏ အကျိုးကျေးဇူးများကို ၀ိုင်းဝန်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါစာဖတ်ဝိုင်းကိုဦးစီးဌာနနှင့် စာကြည့်တိုက်အသုံးပြုသူများက စုပေါင်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)