အင်းစိန်မြို့နယ်၌ စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ရန်ကုန် နိုဝင်ဘာ ၉

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ စာပေဗဟုသုတများစွာ ရရှိနိုင်စေရန်နှင့် စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)ရုံး၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပခဲ့သည်။

ကျင်းပရာတွင် ရန်ကုန်မြောက်ပိုင်းခရိုင်၊ စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ တာဝန်ခံ ဦးဘိုကြည်(ဒေါက်တာ ဗိုလ်သံမဏီ-တောင်တွင်းကြီး)နှင့် အင်းစိန်မြို့နယ်၊ စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ မောင်မောင်ဝင်းမြင့်(မှုခင်း)တို့က အမှာစကား အသီးသီးပြောကြားပြီး အင်းစိန်မြို့နယ်၊ စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းယုက မိတ်ဆက်စကားပြောကြားခဲ့သည်။

ဆက်လက်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဦးစီးအရာရှိ ဒေါ်ခင်နှင်းကြည်က မြို့နယ်အတွင်း စာကြည့်တိုက်များ အခြေအနေများကို တင်ပြဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် အင်းစိန်မြို့နယ်အတွင်းရှိ စာကြည့်တိုက်များမှ တာဝန်ခံများနှင့် စာကြည့်တိုက်မှူးများက မိမိတို့၏ စာကြည့်တိုက် လုပ်ငန်းအ‌ခြေအ‌နေများ၊လိုအပ်ချက်များနှင့် အခက်အခဲရှိသည်များကို ဆွေးနွေးခဲ့ပြီး တာဝန်ရှိသူများက တင်ပြလာသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)