တံတား နိုဝင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ (၁၀၂)နှစ်မြောက်အမျိုးသားနေ့အကြို အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ (၃)နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးဒေါ်မိုးဖြူလွင်က အထက်တန်းအဆင့်နဝမတန်း ကျောင်းသားကျောင်းသူများအနေဖြင့် (၁၀၂)နှစ်မြောက်အမျိုးသားနေ့ကို မမေ့မလျော့ဂုဏ်ပြုတတ်စေရန်၊ ကျောင်းသားကျောင်းသူလူငယ်များသည် နိုင်ငံ့ဂုဏ်ဆောင်ကလေးများဖြစ်လာနိုင်သည့်အတွက် စည်းလုံးညီညွတ်မှု၊ ခိုင်မာမှုစိတ်ဓာတ်တို့ဖြင့် နေ့ထူးနေ့မြတ်များအား ဂုဏ်ပြုတတ်စေရန်၊ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်ရည်ရွယ်၍ ပြိုင်ပွဲကိုကျင်းပရခြင်းဖြစ်ကြောင်းပြောကြားပြီး အထက်တန်းအဆင့် နဝမတန်းကျောင်းသားကျောင်းသူ(၉)ဦးတို့က စာစီစာကုံးပြိုင်ပွဲကို မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး ခေါင်းစဉ်ဖြင့် အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ (တံတား)