ဝေါမြို့ အထက(ဝေါအရှေ့ကျောင်း)တွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော အသိပညာပေး ဟောပြောပွဲကျင်းပ

ဝေါ နိုဝင်ဘာ ၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့အခြေခံပညာအထက်တန်းကျောင်း(ဝေါအရှေ့)တွင် ယနေ့နံနက် ၁၀ နာရီအချိန်က မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဦးက အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး အမှတ်(၃၆)မူးယစ်တပ်ဖွဲ့စုပဲခူးမှ ရဲအုပ်ဇော်မင်းအေးက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်၊ မူးယစ်ဆေးဝါသုံးစွဲခြင်း၏ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးဆိုင်ရာပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်း အသိပညာပေးဆွေးနွေး ဟောပြောခဲ့သည်။

ထို့နောက် အထကဝေါအရှေ့ကျောင်း ဆရာကြီး ဦးရွှေမန်းတင်က ကျေးဇူးတင်စကားပြောကြားပြီး ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူများအား မူးယစ်ဒုရဲတပ်ကြပ်ရဲကိုနှင့်အဖွဲ့က မူးယစ်ဆေးဝါးအသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန် /ဆက်)