နယ်ရုံးများ၏သတင်းများ

Nov 24,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ယမန်နေ့ နေ့လယ်ပိုင်းက မြို့မစျေးကြီးတွင် ဖွင့်လှစ်ထားရှိသော ဆိုင်ခန်းများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့မစျေး ဆိုင်ခန်းများတွင် မီးသတ်ဆေးဘူးများ ထားရှိမှုအား စစ်ဆေးခြင်း၊ မီးဘေးအန္တရာယ်ဖြစ်ပေါ်ပါက အလွယ်တကူ ငြှိမ်းသတ်နိုင်ရေးအတွက် မီးသတ်ဆေးဘူးလက်တွေ့ အသုံးပြုပုံအား သရုပ်ပြခြင်းနှင့် မီးသတ်ယာဥ်အသုံးပြု၍ မီးငြှိမ်းသတ်မှု သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
Nov 24,2022
ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဆင့်ရုံး (ပင်းတယ) ၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီခွဲက Mobile Phone ဖြင့် သတင်းနှင့် ဗီဒီယိုရိုက်ကူး တည်းဖြတ်နည်းသင်တန်းအား ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Nov 24,2022
ပဲခူးတိုင်းဒေသကြီ၊ နတ်တလင်းခရိုင်၊ ဇီကုန်းမြို့နယ် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပညာရေးဌာန၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက သာပေါင်းကျေးရွာအုပ်စု၊ လယ်တွင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့်ဌာနဆိုင်ရာများ၏ ပုံမှန်လပတ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် (၁၁) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်သူ၊ ​အဖွဲ့ဝင် (၁) ဗိုလ်မှုးဖြိုးသူရကျော်၊ အဖွဲ့ဝင် (၂) ဦးသန်းဦးနှင့် သက်ဆိုင်ရာ ဌာနအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
Nov 24,2022
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ ကျိုင်းတုံမြို့၌ ရှမ်းနှစ် ၂၁၁၇ ခရစ်ခုနှစ်၊ ရှမ်းတိုင်းရင်းသားများ နှစ်သစ်ကူး ကောက်သစ်လှူဒါန်းဆွမ်းကပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက ကောင်းမှုခမ်းကျောင်းတိုက်တွင် ကျင်းပသည်။
Nov 24,2022
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ရှမ်းနှစ်သစ်ကူးနေ့ အထိမ်းအမှတ် မြို့နယ်အားကစားကော်မတီ ဥက္ကဋ္ဌဖလား အလွတ်တန်း အမျိုးသားပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွှဲ ၃ နာရီက နဂါးနှစ်ကောင် (ကျောင်းလုံ) ဘုန်းတော်ကြီးကျောင်းဝင်း အတွင်း ကျင်းပခဲ့ကြောင်း သိရှိရသည်။
Nov 24,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပဲစင်းငုံနှင့် ဆီထွက်သီးနှံ နေကြာသီးညှပ် စိုက်ပျိုးထားရှိမှုများကို ယမန်နေ့ နံနက်ပိုင်းက ချောင်းနက်ကျေးရွာအုပ်စုရှိ စိုက်ခင်းများအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။