ဘားအံ ဇန်နဝါရီ ၁၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ “မြေပြင်ကွင်းဆင်းစာရင်းကောက်ယူမှုဆိုင်ရာ” ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့မွန်းလွဲ(၁:၀၀)နာရီခန့်က ကျင်းပပြုလုပ်ခဲ့ရာ ဘားအံခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူးဦးမင်းနောင်၊ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘားအံခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်အေးကျော့ခိုင်၊ ကရင်စာပေနှင့်ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်းမှ (အတွင်းရေးမှူး) ဒေါ်နန်းမြင့်တင်တို့က ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲ (Talk Show) တွင် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် ဘားအံခရိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမင်းနောင်က လူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူမှုအကြောင်း၊ မြေပြင်ကွင်းဆင်းကောက်ယူရေးအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခဲ့မှု၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူမှုပုံစံ၊ ကောက်ယူရရှိသည့် စာရင်းများကို ဆောင်ရွက်မည့် အခြေအနေ၊ မြေပြင်စာရင်းကောက်ယူသည့်အခါ မွေးတိုး/သေဆုံး/အမည်ပြောင်း/မွေးသက္ကရာဇာ်ပြောင်း များနှင့် ပတ်သက်၍ ဆောင်ရွက်ချင်သည်ဆိုပါက မည်သို့ဆောင်ရွက်ရမည့်အကြောင်း၊ မှန်ကန်သည့်လူဦးရေစာရင်းရရှိရေး အတွက် ပြည်သူအားလုံးက လက်တွဲပူးပေါင်းပါဝင်ကြစေလိုကြောင်း အသိပညာပေးဆွေးနွေးခဲ့သည်။
ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘားအံခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်အေးကျော့ခိုင်က မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ မြေပြင်ကွင်းဆင်းစာရင်း ောက်ယူသည့်အခါ အိမ်ထောင်စုစာရင်းများကို တိုက်ဆိုင်မေးမြန်းသွားမည့်အကြောင်း၊ ဘိုးဘွားရိပ်သာ၊ ဂေဟာ၊ ဘာသာရေးကျောင်း၊ စုပေါင်းနေထိုင်ကြသူများကို စာရင်းကောက်ယူမှုအခြေအနေများ၊ သီလရှင်၊ ဘုန်းကြီး၊ ပြည်ပတွင်အလုပ်လုပ်ကိုင်သူများကို စာရင်းကောက်ယူမည့်အခြေအနေများ၊ ကိုင်ဆောင် လက်မှတ်ပျောက်ဆုံး၍ မမှတ်မိသူများ၊ ကိုင်ဆောင်လက်မှတ်မပြုလုပ်ရသေးသည့်သူများအတွက် စာရင်းကောက် ယူမည့်အခြေအနေများ၊ မသန်စွမ်း(၅)မျိုးစာရင်းအကြောင်း စသည်တို့ကို အသိပညာပေး မျှဝေဆွေးနွေးခဲ့ပြီး ကရင် စာပေနှင့် ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်းမှ (အတွင်းရေးမှူး)ဒေါ်နန်းမြင့်တင်က ၎င်းမြေပြင်ကွင်းဆင်း ကောက်ယူရေး အသိပညာပေး ဆွေးနွေးမှုအကြောင်းအရာများကို ပိုးကရင်ဘာသာဖြင့် ဆွေးနွေးတင်ပြခဲ့ကြောင်း သိရှိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင်အနေဖြင့် အသိပညာပေးဆွေးနွေးပွဲ Talk Show များကို Online မှတစ်ဆင့် ဌာနဆိုင်ရာများ၊ လူမှုရေး အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စဉ်ဆက်မပြတ် ရိုက်ကူးတင်ဆက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)