လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ကော့မှူး ဇန်နဝါရီ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံ‌တေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၃ နာရီက စာပေချစ်မြတ်နိုးသူများ Book Club အသင်းအဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းအားကျင်းပခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က စာပေ ချစ်မြတ်နိုးသူများအနေဖြင့် အသက်အရွယ်အလိုက် စာအုပ်စာပေလေ့လာဖတ်ရှုပြီး ဗဟုသုတအတွေး အမြင်များရရှိစေရန် စာအုပ်စာစောင်များကို လေ့လာဖတ်ရှုခြင်း ကြောင့် အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်ပြီး စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် Book Club အသင်းမှအဖွဲ့ဝင် ဒေါ်ခင်ထွေးရီက စာရေးဆရာ‌ အောင်သင်းရေးသားသည့် “နှလုံးသားကို‌ လေးပေါ်တင်၍ပစ်‌‌ သောအခါ”စာအုပ်ထဲမှ မိဘကိုယ်စားခေါင်းစဉ်ဖြင့်လည်း‌ကောင်း၊ စာပေချစ်မြတ်နိုးသူများအသင်းမှ  ဒေါ်ရတနာမိုးက ကုသိုလ်လိုလို ဘာလိုလို ခေါင်းစဉ်ဖြင့်လည်း‌ကောင်း၊‌ ဒေါ်ကြင်သန်းက ကံဆိုးတိုင်းမိုးမ‌  မှောင်ပါခေါင်းစဉ်တို့ဖြင့် ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ Book Club အသင်းမှအဖွဲ့ဝင် ဒေါ်ခင်ထွေးရီက ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး စာပေချစ်မြတ်နိုးသူများက စာအုပ်ပါ အကြောင်းအရာများအား အပြန်အလှန်ဆွေး‌နွေးခဲ့ကြကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)