နယ်ရုံးများ၏သတင်းများ

Nov 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကိုယ်လက်လှုပ်ရှားခြင်း အကျိုးကျေးဇူးများအကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Nov 25,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် BookClub အဖွဲ့ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ စာရေးဆရာဒေါက်တာ ကျော်စိန် ရေးသားထားသည့် “လူငယ်မှသည် လူကြီးလူကောင်းအဖြစ်သို့ “စာအုပ်အား  စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀နာရီအချိန်က အဆိုပါရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲ (မြို့နယ်အဆင့်)ကို အ.ထ.က(၁)ကျောင်း၌  ယနေ့နံနက် ၉ နာရီအချိန် ကျင်းပပြုလုပ်ခဲ့သည်။
Nov 25,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာဆွေးနွေးပွဲ Talk Show ကို ယမန်နေ့နေ့လယ် ၂ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။
Nov 24,2022
ခရမ်းမြို့နယ် စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီတွင် သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commiunity Centre) ၌ ကျင်းပခဲ့သည်။
Nov 24,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာန မျိုးသန့်ခြံမှ အထွက်ကောင်း မျိုးစပါး (RS) မျိုးစေ့များကို ဖြန့်ချီစိုက်ပျိုးထားသော တောင်သူများ၏ စပါးစိုက်ခင်းများအား ယနေ့တွင် ရိတ်သိမ်းလျက်ရှိရာ ၁ ဧကလျှင် ပျမ်းမျှ စပါးတင်း ၇၀ ကျော်ဖြင့် အထွက်ကောင်းလျက်ရှိကြောင်းနှင့် အချို့ စိုက်ကွင်းများတွင် ၁ ဧကလျင် တင်း ၁၀၀ နီးပါး ထွက်ရှိခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Nov 24,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့ နံနက် (၉) နာရီက အခြေခံပညာအထက်တန်း (ကျောက်တံခါး) ကျောင်းပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ပန်းတောကြီးကျေးရွာအုပ်စုတွင် ဆောင်နေကြာသီးနှံ စိုက်ပျိုးရာတွင် စိုက်ပျိုးရေ လုံလောက်စွာရရှိရေးအတွက် မရမ်းချောင်းရိုးအား ပြန်လည်တူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။