နယ်ရုံးများ၏သတင်းများ

Nov 03,2022
မိတ္ထီလာမြို့ ခရိုင်ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျောင်းသူ၊ကျောင်းသားများ စာဖတ်ရှိန်မြှင့်တင်ရန်နှင့် စဉ်းစားတွေးခေါ်မှုအသိဉာဏ်ပညာများ တိုးတက်ဖွံ့ ဖြိုးစေရန်ရည်ရွယ်ချက်ဖြင့် ယနေ့နံနက် ၉ နာရီအချိန်က ဆေးရာင်ခြယ်ပြိုင်ပွဲကို ကျင်းပခဲ့ကြောင်းသိရသည်။
Nov 03,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ် မြတ်နိုးသူများအသင်းတို့ပူးပေါင်း၍  စာရေးဆရာ မောင်မင်းစိုးရေးသားထားသည့် “လူငယ်နှင့်အထက်တန်းစား စိတ် ဓါတ်’’စာအုပ်ဖြင့်  စာဖတ်ဝိုင်းကို ယနေ့မွန်းလွှဲ ၁နာရီအချိန်က အဆိုပါရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။
Nov 03,2022
ပြည်သူများစာပေကို မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စာပေ၏တန်ဖိုးကိုနားလည်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အတွေးအခေါ်ဗဟုသုတများရရှိလာစေရန်၊ အမှားအမှန်ဝေဖန်ပိုင်ခြားနိုင်စေရန် နှင့်အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်ရည်ရွယ်၍  ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ဝါသနာတူကလပ်အသင်းများစုစည်းပြီး စာရေးသူကျော်ဝင်းရေးသားထားသည့် “နှစ်ဆယ့်တစ်ရာစုသားရွှေဥ” စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 03,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်မျိုးစိတ်သစ် BA.4နှင့်BA.5 ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများကို ကရင်၊ မြန်မာနှစ်ဘာသာဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့ပေါ်ရပ်ကွက်များ၌ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Nov 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာပေချစ်မြတ်နိုးသူများ(Book Club)တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် တန်ဆောင်မုန်းလပြည့်နေ့အကြောင်း သိကောင်းစရာ အသိပညာပေး(Talk Show)ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။
Nov 03,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများက ဌာနဆိုင်ရာဝန်ထမ်းများနှင့်ပြည်သူလူထုအား အသိပညာဗဟုသုတတိုးပွားစေ‌ရေးအတွက် စာအုပ်စာစောင်များငှားရမ်းနိုင်ရန် Mobile libraryကို ယနေ့ နေ့လယ်၁ နာရီအချိန်က မင်းပြားမြို့နယ်မြန်မာ့ဖွံ့ဖြိုးရေးဘဏ်၌  စာအုပ်စာစောင်များကိုအခမဲ့ငှားရမ်းပေးလျက်ရှိသည်။
Nov 03,2022
မြင်းမူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနတို့ ပူးပေါင်း၍ “ရေချိုသယံဇာတကဏ္ဍ၏အရေးပါပုံ” အသိပညာပေး Talk Show ကျင်းပခြင်းကို နိုဝင်ဘာလ (၃) ရက်၊ နံနက်ပိုင်းက မြင်းမူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။