နယ်ရုံးများ၏သတင်းများ

Oct 27,2022
ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)၊  ကြည့်မြင်တိုင်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကြည့်မြင်တိုင်မြို့နယ်ရုံးမှ ဒေါ်ခိုင်ဇာလင်းနှင့်ဒေါ်ဝင့်ဝါနိုင်တို့က မြန်မာ့ရုပ်ရှင်များနေ့အထိမ်းအမှတ် Talk Show ကျင်းပပြုလုပ်ခဲ့သည်။
Oct 27,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြည်သူများအသိပညာ၊ ဗဟုသုတရရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများ (Book Club) အဖွဲ့၀င်များ ပူးပေါင်း၍ စာရေးဆရာဖေမြင့် ရေးသားသည့် အပြောင်မြောက်ဆုံး ဘဝတစ်ခုတည်ဆောက်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
Oct 27,2022
ရန်ကုန်တိုင်းဒေသကြီး၊ အ​နောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား/သူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အသိပညာဗဟုသုတများတိုးပွား​စေရန်စာဖတ်ရှိန် မြှင့်တင်ရေးအတွက် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်(၁၀)နာရီက ဒဂုံမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့‌ကြောင်း သိရသည်။
Oct 27,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက သရက်ချောင်းမြို့၊ အခြေခံပညာအထက်တန်း​ကျောင်းမှ ကျောင်းသား/သူများအား ယနေ့မွန်းလွဲ ၁၂နာရီခွဲအချိန်က သရက်ချောင်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center)ခန်းမ၌ စာအုပ်/စာစောင်များကို ခင်းကျင်း ပြသ၍ စနစ်တကျငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
Oct 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့ ညနေ (၂)နာရီက အမျိုးသမီးများ အကြမ်းဖက်မှု ပပျောက်ရေး အသိပညာပေးTalk Show ကို ကျင်းပပြုလုပ်ခဲ့သည်။
Oct 27,2022
ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဒေါ်သန်း သန်း၀င်း(မြန်မာ့ရုပ်သံ-ငြိမ်း) ရေးသားပြုစုထားသည့်"အခမ်းအနားမှူး‌ကောင်းတစ်ယောက်" စာအုပ်စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Oct 27,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်စာရေးဆရာအသင်းတို့မှပူးပေါင်း၍ မျိုးဆက်သစ်လူငယ်များ စာဖတ်ရှိန်မြင့်မားလာစေရန်ရည်ရွယ်၍ အ.လ.ကကိုင်းကြီးကျောင်းအစည်းအဝေးခန်းမ၌ ယမန်နေ့နံက်ပိုင်းက စာပေဟောပြောခဲ့ကြောင်းသိရသည်။
Oct 27,2022
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်(Community Centre) ခန်းမတွင်(၁၀၂)နှစ်မြောက် အမျိုးသာအောင်ပွဲနေ့အထိမ်းအမှတ်ကို မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင်ပြပွဲ၊ ပြိုင်ပွဲများကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ (၃)နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။