နယ်ရုံးများ၏သတင်းများ

Dec 14,2022
စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် နယ်မြေစိုးမိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရန်မျိုးလုံရပ်ကွက်နှင့် မောရဂီဝါရပ်ကွက်များအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ရန်မျိုးလုံရပ်ကွက်၊ ၇၁ လမ်း၊ ၃၁ လမ်းနှင့် ၃၂ လမ်းကြားရှိ ပြည်လုံးအေးကိုးနဝင်းစေတီဓမ္မာရုံနှင့် နံနက် ၁၁ နာရီတွင် မောရဂီဝါရပ်ကွက်၊ ၃၁ လမ်းနှင့် ၃၂ လမ်းကြား၊ ၇၄ လမ်းနှင့် ၇၅ လမ်းကြားရှိ တောင်ပြင်စံကျောင်းဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။
Dec 14,2022
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်အတွင်း အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ စည်းရုံးရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်း(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံဆွေးနွေးနိုင်ရန်အတွက် ယမန်နေ့နံနက် ၉ နာရီအချိန်က မင်းတံတားရပ်ကွက်၊ အောင်ဓမ္မာရုံ၊ မွန်းလွဲ ၁ နာရီအချိန်တွင် သဒွတ်သျှိုကျေးရွာအုပ်စု၊ ဘော်ဗဒန်းကျေးရွာနှင့် မွန်းလွဲ ၃ နာရီအချိန်တွင် ရေပူရပ်ကွက်၊ ရေပေါက်တရာရပ် အခြေခံပညာမူလတန်းကျောင်းခန်းမတို့၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 14,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်အတွင်း အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ စည်းရုံးရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်း(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံဆွေးနွေးနိုင်ရန်အတွက် ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ထနှေင်းပင်လဲကျေးရွာနှင့် ဗောဓီကုန်းကျေးရွာတို့မှ ကျေးရွာနေပြည်သူများ ရွာလည်ဓမ္မာရုံတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Dec 14,2022
မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် တိုင်းဒေသကြီးအတွင်းရှိဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေး စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က အဆိုပါဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Dec 14,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ မြင်းခြံတက္ကသိုလ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ် (၁)နာရီ (၃၀)မိနစ်အချိန်က မြင်းခြံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ပြုလုပ်ခဲ့သည်။
Dec 14,2022
လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းများ ကျင်းပဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း(စဉ့်ကိုင်)၌ ယမန်နေ့နံနက်(၁၀)နာရီ (၃၀)မိနစ်အချိန်က သဇင်ခန်းမအတွင် ကျင်းပဆောင်ရွက်ခဲ့သည်။
Dec 14,2022
မန္တလေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီနှင့် လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈)နာရီခွဲတွင် (Skills Training Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
Dec 14,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် လူငယ်များဗလငါးတန်ဖြင့်ပြည့်စုံစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က စဉ့်ကူးမြို့အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။