စာသင်ကျောင်းအခြေပြု စာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရေး Mobile စာငှားစနစ်ဖြင့် ၀န်ဆောင်မှုပေး

သုံးခွ ဇန်နဝါရီ ၂၆

ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများက ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေနှင့် စဉ်ဆက်မပြတ်ထိတွေ့စေ‌‌ရေး၊ စာ‌ပေဖတ်ရှုမှု မြင့်မားလာစေရေးအတွက် မိုဘိုင်းစာငှားစနစ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်က လောကမာရဇိန် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ Mobile library ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးခြင်းမှာ မြို့နယ်ရုံးစာကြည့်တိုက်သို့ အချိန်‌ပေး၍လာရောက် စာငှားစာဖတ်မပြုလုပ်နိုင်သော ကျောင်းသား/ကျောင်းသူများနှင့် ဌာနဆိုင်ရာ၀န်ထမ်းများအတွက် Mobile library ဖြင့် စာအုပ်များကွင်းဆင်းငှားရမ်း ဆောင်ရွက်ပေးခြင်း ဖြစ်သည်။ ယင်းသို့‌ ဆောင်ရွက်ရာတွင် ဗဟုသုတဖြစ်ဖွယ် သုတ၊ ရသစာပေများကို ယူဆောင်ငှားရမ်းပေးခြင်းအပြင် စာဖတ်သူများ ဖတ်ရှုလိုသည့် သုတ၊ ရသ၊ စာအုပ်များယူ‌ ဆောင်သွားပေးခြင်းတို့ကို အပတ်စဉ် အင်္ဂါနေ့တွင် သမဝါယမအသင်းစုသိုလည်းကောင်း၊ သောကြာနေ့တွင် ငါးလုပ်ငန်းဦးစီးဌာနသို့လည်းကောင်း၊ မြို့နယ်ရုံးသို့ စာအုပ်လာ‌ရောက် ငှားရမ်းပေးဖတ်ရှုနိုင်ခြင်းမရှိသည့် ဌာနများသို့ အပတ်စဉ်သွားရောက် ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် သုတ/ရသစာအုပ်များ၊ ဂျာနယ်စာစောင်နှင့်ကလေးများ အကြိုက်ရုပ်ပြစာအုပ်များအား တနင်္လာနေ့မှ သောကြာနေ့ အထိ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်မှ ညနေ ၄ နာရီ ၃၀ ထိစာအုပ်များအား အခမဲ့လာရောက် ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရသည်။

စည်သူလင်း ပြန်/ဆက်