ဂွ ဇန်နဝါရီ ၂၇
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းကပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက စာသင်ကျောင်းများ၊ ဌာနဆိုင်ရာရုံး များသို့ သွားရောက်၍ ငှားရမ်းပေးခဲ့သည်။
စာအုပ်စာစောင်များငှားရမ်းပေးခြင်းဖြင့် စာငှား၊ စာဖတ်သူတိုးပွားစေရေးနှင့် စာပေဖတ်ရှုသည့် အလေ့အထများ တိုးပွားစေရေးအတွက် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာပေချစ်မြတ် နိုးသူများအတွက် သုတ/ရသစာအုပ်များကို Mobile Library စနစ်ဖြင့် အခမဲ့ငှားရမ်းပေးခြင်း ဖြစ်ပြီး ထိုသို့ ငှားရမ်းပေးခြင်းကို တစ်ပတ်ပြည့်လျှင် စာအုပ်သစ်များ လဲလှယ်ပေးခြင်းဖြင့် ငှားရမ်းပေးလျက်ရှိကြောင်းသိရသည်။
ရွှေရည်ဝင်းကျော်