ခရမ်းမြို့တွင် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် အာဟာရနှင့်ကျန်းမာရေးအကြောင်း အသိပညာပေး (Talk Show) ဆောင်ရွက်

ခရမ်း ဇန်နဝါရီ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍  အာဟာရနှင့်ကျန်းမာရေးအကြောင်း အသိပညာပေး (Talk Show) ကို ယနေ့ နံနက် (၁၀)နာရီက လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ  ဒေါ်ခင်နှင်းဝေက   ပြည်သူများအတွက် ကျန်းမာရေးနှင့် ပတ်သက်၍  အာဟာရနှင့်ကျန်းမာရေးအကြောင်း၊ ပြည်သူအများ သိရှိလိုက်နာသင့်သည့် အချက်အလက်များ၊  ကြုံတွေ့ရမည့် အခက်အခဲများကို ကြိုတင်သိရှိပြီး ကာကွယ်ကုသနိုင်ရေးအတွက် အသိပညာပေး (Talk Show)ကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

ကိုမင်း ( ခရမ်း )