နယ်ရုံးများ၏သတင်းများ

Nov 12,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက်(၁၀)နာရီ အချိန်တွင် စာရေးဆရာ ကိုရွှေအောင်သင်း ရေးသားထားသော " လူငယ်နှင့် မိဘမေတ္တာဘွဲ့စာစုများ" စာအုပ်ဖြင့် စာဖတ်ဝိုင်း၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
Nov 12,2022
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ယ​မန်နေ့ ၁၁ နာရီအချိန်က မူလတန်းအဆင့်အမျိုးသားအောင်ပွဲနေ့ အကြိုဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 12,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၁၀၂)နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
Nov 12,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၁၀၂)နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
Nov 12,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့ညနေပိုင်းက ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပပြုလုပ်ခဲ့သည်။
Nov 12,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ် ​ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီက ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။
Nov 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများ၊ လူငယ်လူရွယ်များအနေဖြင့် အမျိုးသားအောင်ပွဲနေ့ အကြောင်းကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ယမန်နေ့မွန်းလွဲ(၁)နာရီက လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးနွဲ့နှင့် ဝန်ထမ်းများက ဦးစီးဌာနကထုတ်ဝေသည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များကို အခြေခံပညာအထက်တန်းကျောင်း၊ အထက(လှည်းကူး)ရှိ ကျောင်းသား/သူများထံ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Nov 12,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် မြို့နယ်စာအုပ်စာပေ ချစ်မြတ်နိုးသူအသင်း(Book Club)နှင့် ပူးပေါင်း၍ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ အသိပညာဗဟုသုတ တိုးပွားစေရန်၊ နေ့ထူးနေ့မြတ်များ သိရှိစေရန်နှင့် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို သိရှိစေရန် ရည်ရွယ်၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ငဖဲမြို့ အခြေခံပညာအထက်တန်းကျောင်းမှ Grade-8 စနစ်သစ်ကျောင်းသား/သူ (၄၈)ဦး တက်ရောက်ခဲ့သည်။