နယ်ရုံးများ၏သတင်းများ

Jan 31,2023
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့်(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို  အသိပညာပေးဟောပြောပွဲနှင့် ကာယ၊ ဉာဏပြိုင်ပွဲများကို ဘားအံခရိုင် Community Centre ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 31,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် အမျိုးသမီးအခွင့်အရေးနှင့် လူမှုဝန်းကျင် အသိပညာပေး Talk Show ကို နံနက် ၁၁:၃၀ နာရီက ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမတွင် စာရေးဆရာမမြမဉ္ဇူဝေ(ကျုံမငေး)နှင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 31,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ရန်ကုန်မြောက်ပိုင်းခရိုင် စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီ တွေ့ဆုံပွဲနှင့် အခြေခံစာကြည့်တိုက် ပညာသင်တန်းတွင် ဆုရရှိသူများ ထပ်ဆင့်ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန် မြောက်ပိုင်းခရိုင်(အင်းစိန်)၊လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။
Jan 30,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ဇန်နဝါရီလ (၃၀)ရက်နေ့ နေ့လည် ၁၂ နာရီ အချိန်ခန့်က အမှတ်(၁၅၁)ခြေလျင်တပ်ရင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။
Jan 30,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန တို့ ပူးပေါင်းကျင်းပသော နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သော အနာဂတ်မျိုးဆက်သစ် လူငယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍ “လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ”ကို ယနေ့ နံနက်(၉:၃၀) အချိန်က အမှတ်(၇)အခြေခံပညာအလယ်တန်းကျောင်း ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 30,2023
မီးသတ်ဆေးဗူးဖြင့် မီးငြှိမ်းသတ်နည်းနှင့် မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Jan 30,2023
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက သဲကျွန်းကျေးရွာသို့ သွားရောက်ငှားရမ်း ပေးကြသည်။
Jan 30,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၀) နာရီက “ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်၍ အသိပညာပေး” Talk Show ကျင်းပခဲ့ကြောင်း သိရသည်။