နယ်ရုံးများ၏သတင်းများ

Nov 15,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သတင်းစကား လက်ကမ်းစာစောင်များကို အနာဂတ်၏ ခေါင်းဆောင်များဖြစ်မည့် ကျောင်းသား/သူ လူငယ်လူရွယ်များ မေ့မရနိုင်သည့် အမျိုးသားအောင်ပွဲနေ့အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်ချက်ဖြင့် ယနေ့ နံနက်(၉)နာရီအချိန်ခန့်က အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်းရှိ ကျောင်းသား/သူများ၏ လက်ဝယ်အရောက်  သွားရောက် ဖြန့်ဝေခဲ့သည်။
Nov 15,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် (၁၀၂)မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 15,2022
၂၀၂၂ ခုနှစ် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ "အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာ" အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ဟိုပန်မြို့၊ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 15,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လုံမြို့ ပင်လုံအရှေ့ကျေးရွာအုပ်စု ကျူရုံးကျေးရွာ အမက မူလွန်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့နံနက် (၁၁:၀၀)နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ အ.မ.က ရွှေဘိုတန်းကျောင်း၌ ကျောင်းသား/သူများ ကျန်းမာကြံ့ခိုင်ပြီး ဗဟုသုတပြည့်စုံစေရန် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 15,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြောင်း အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ကျင်းပခဲ့သည်။
Nov 15,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Commu nity Centre) ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club) အသင်းနှင့် ပူးပေါင်း၍ နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေ ၃ နာရီအချိန်က စာရေးဆရာ ကိုကိုလင်း(အမေ့အိမ်) ရေးသားထုတ်ဝေထားသည့်”လူ​ကြီးတွေက စပြင်ပါစာအုပ်ဖြင့် အသိပညာပေး စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ မအားလပ်၍ မလာရောက်နိုင်သော ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ စာပေနှင့်စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေ ငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမို မြင့်မားလာစေရေးတို့အတွက် (Mobile Library Bus) ဖြင့် ယမန်နေ့ နံနက်က လေ့ကျင့်ရေးအလယ်တန်းကျောင်း၊ အ.မ.က(ကုန်းသာ)နှင့် ခရိုင်စိုက်ပျိုးရေးရုံးသို့ သုတရသ စာအုပ်စာစောင်မျိုးစုံ ယူဆောင်၍ သွားရောက် ငှားရမ်းပေးခဲ့ကြသည်။