ဥတ္တရသီရိ ဇန်နဝါရီ ၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဥတ္တရသီရိမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ လူငယ်နှင့်မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ခရိုင်ပြည်သူ့စာကြည်တိုက်၌ ကျင်းပသည်။
ဟောပြောပွဲတွင် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက လူငယ်များစာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရေး၊ စာပေများထဲမှ အသိပညာဗဟုသုတများရရှိပြီး ကောင်းမွန်သော အသိစိတ်ဓာတ်များဖြင့် လူမျိုးနှင့်နိုင်ငံအကျိုး သယ်ပိုးထမ်းဆောင်နိုင်သော လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရေးအတွက် အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း အမှာစကားပြောကြားပြီး စာရေးဆရာ ရဲမွန်ကျော်က လူငယ်နှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ်ရေးဆိုင်ရာ အကြောင်းအရာများဖြစ်သည့် မျိုးချစ်စိတ်ဓာတ်ဟူသည် အတွေ့အကြုံနှင့် စာပေများကြောင့် လူငယ်များမျိုးချစ်စိတ်ဓာတ် ကိန်းအောင်းလာပုံ လူငယ်များမျိုးချစ်စိတ်ဓာတ်ဖြင့် နိုင်ငံ့အတွက်ဆောင်ရွက်ခဲ့ကြပုံ၊ ယနေ့နိုင်ငံတော်တွင် မျိုးချစ်စိတ်ဓာတ်ထက်သန်ရေးအတွက် ပြုစုပျိုးထောင်မှုများ၊ အကျိုးတရားများ၊ လူငယ်များရင်ထဲတွင် မျိုးချစ်စိတ်ဓာတ်အစဉ် ကိန်းအောင်းရန် စသည့်အကြောင်းအရာများကို ဟောပြောခဲ့သည်။
အဆိုပါဟောပြောပွဲသို့ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ ဥက္ကဋ္ဌ ဒေါ်နန်းဝင်းဝင်းစိန် (ရဿဝတီမေးနန်း)၊ စာရေးဆရာ စိန်ဝင်းနွယ်(ဘာသာပြန်)၊ စာရေးဆရာ နွေဦးကိုကိုနှင့် စာရေးဆရာမ ချယ်ချယ်(YU)၊ စာပေဝါသနာရှင်များနှင့် New Campus ကိုယ်ပိုင်အလယ်တန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်စွာဟိန်း(ပြန်/ဆက်)