စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးဆောင်ရွက်

စဉ့်ကိုင် ဇန်နဝါရီ  ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲ(၂)နာရီက  Women Club အဖွဲ့ဝင်များ၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အကြိုကို ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ Talk Showများ၊ ပြပွဲများ၊ ပြိုင်ပွဲများကျင်းပပေးမည်ဖြစ်ပြီး လိုအပ်သည်များကို  Women Clubအဖွဲ့ဝင်များ၊စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်းအဖွဲ့ဝင်များမှဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်လာသူများမှမိမိတို့အနေဖြင့် ပြိုင်ပွဲများတွင် ပြိုင်ပွဲဝင်များအား ဆုများပေးအပ်ချီးမြှင့်နိုင်ရေး၊ ကျောင်းများသို့ ဖိတ်ကြားရေး စသည့် ကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ကျော့မူယာမောင်