ကျောက်တော်မြို့ လူထုအခြေပြုဗဟိုဌာန  (Community Centre) ခန်းမ၌ ဆေးရောင်ခြယ် ပြိုင်ပွဲကျင်းပ

ကျောက်တော် ဇန်နဝါရီ  ၂၆

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နေ့လယ်(၁) နာရီအချိန်က အဆိုပါခန်းမအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူဖြူဝင်းက ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်းပေးခြင်းကြောင့်  လူငယ်များ အနေဖြင့် သဘာဝအလှတရားများအား စဉ်းစားတွေးခေါ်မှုဖြင့် အနုပညာကိစ္စရပ်များတွင် အကျိုးရှိစွာ အသုံးပြုတတ်စေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးကို တိုးတက်စေခြင်း၊ တီထွင်ကြံဆ နိုင်မှုနှင့်စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု၊ ဆန်းသစ်တီထွင် တွေးတောကြံဆနိုင်မှုစသည့်များအား အထောက်အကူပြုစေနိုင်ရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးမှုရှိစေရန်၊ စာအုပ်စာပေနှင့်လည်း ရင်းနှီးမှုရှိစေရန် ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြိုင်ပွဲအား ဆက်လက်ကျင်းပပြုလုပ်ရာ ဆေးရောင်ခြယ်ပြိုင်ပွဲတွင် မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား ၂၅ ဦးမှ ဝင်ရောက်ယှဉ်ပြိုင်သွားပြီး  ပြိုင်ပွဲတွင်ဆုရရှိသူ များအား ဦးစီးအရာရှိနှင့်တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခင်မောင်ထွန်း