ကာလိမြို့၌ Mobile Library စနစ်ဖြင့် စာအုပ်၊စာစောင်များငှားရမ်း

ကာလိ  ဇန်နဝါရီ ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ဇန်နဝါရီလ (၃၀)ရက်နေ့ နေ့လည် ၁၂ နာရီ အချိန်ခန့်က အမှတ်(၁၅၁)ခြေလျင်တပ်ရင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စာကြည့်တိုက်သို့လာရောက်ရန် အခက်အခဲရှိပြီး အလုပ်တာဝန်မအားလပ်သည့် စာဖတ်ပရိသတ်များကို စာပေဖတ်ရှု့ လေ့လာစေရန် ရည်ရွယ်၍ လှည့်လည်ငှားရမ်းပေးခြင်းဖြစ်ကြောင်း၊  ငှားရမ်းထားသည့်စာအုပ်များ ပြန်လည်လက်ခံခြင်း၊ အသစ်ပြန်လည်ငှားရမ်းသည့်စနစ်ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ကာလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်မှ စားငှားသူ တိုးပွားရေး၊ စာဖတ်ရှိန်မြှင့်မားရေးအတွက်  နယ်လှည့် စာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊စာစောင်များ ငှားရမ်းပေးခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ပြီး စာကြည့်တိုက်သို့ လာရောက်ငှားရမ်းသည့် စာပေဝါသနာရှင်များ ကိုလည်း သုတ၊ရသ စာအုပ်စာစောင်များကို အခမဲ့ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ထင်ထင်(ကာလိ၊ပြန်/ဆက်)