ပဲခူး ဇန်နဝါရီ ၃၀
မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်းနှင့် မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးအောင်နိုင်မိုးက ယခုအခါ ခြောက်သွေ့သော ရာသီရောက်ရှိလာပြီဖြစ်၍ မီးလောင်မှုကြောင့် ပြည်သူလူထုနှင့်ဌာနဆိုင်ရာများ၏ အဆောက်အဦပစ္စည်းများ မီးလောင်ဆုံးရှုံးမှုမရှိစေရေး ဂရုပြုကြရန်၊ မီးဘေးလုံခြုံရေးနှင့် မီးလောင်မှုဖြစ်ပွားလာပါက ကိုယ်တိုင်ဆောင်ရွက်နိုင်ရေးအတွက် ဂက်(စ်)အိုး မီးငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်း၊ ရေဖျန်းမီးငြှိမ်းသတ်နည်းစသည့် ဆောင်ရွက်ရမည့် အခြေအနေများကို အသိပညာပေး ဟောပြောခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ယဉ်ယဉ်နုနှင့် ဝန်ထမ်းများ၊ ပဲခူးခရိုင် အတွင်းရှိ မြို့နယ်များမှ တာဝန်ခံအရာရှိများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)